အခြားနိုင်ငံဆိုင်ရာ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်ခဲ့သည့် အလုပ်သမားရေးရာကိစ္စရပ်များ
၁။ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကြက်မင်းသွန်ရပ်ကွက်နေ မောင်အောင်ကိုလတ် သည် မြောက်ဥက္ကလာပမြို့နယ် “သုဓမ္မာ” ကွန်ဒိုတိုက်ခန်းနေအေးဂျင့် မန်နေဂျာ ဦးရဲထွန်းခိုင်မှ ဒူဘိုင်းနိုင်ငံရှိ ဟိုတယ်တွင် အလုပ်ရမည်ဖြစ်ကြောင်း ဝန်ဆောင်ခများအား ဒူဘိုင်းနိုင်ငံသို့ ရောက်ရှိမှသာ ပေးရမည်ဖြစ်ကြောင်းပြောသော်လည်း ကြိုတင်တောင်းခံငွေကျပ် (၁၅) သိန်းပေးသွင်းခဲ့ရပြီး သတ်မှတ် ထားသည့်ရက်တွင် ရုံးခန်းလာရောက်ရန်ပြောကြားခဲ့သဖြင့် ရုံးခန်းသို့ သွားရောက်ခဲ့ရာ ကုမ္မဏီတိုက်ခန်း ပိတ်ထားသဖြင့် ကြိုတင်ပေးသွင်းထားသည်ငွေများအားပြန်လည်ရလိုကြောင်း တိုင်ကြားလာခြင်းအပေါ် ၅-၉-၂၀၂၄ (ကြာသပတေးနေ့)တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (မန္တလေးတိုင်းဒေသကြီးရုံး)၊ မန္တလေးမြို့၌ စစ်ဆေးခဲ့ရာ ဦးညီမင်းသန့် (တွဲဖက်အထွေထွေအတွင်းရေးမှူး-၂) မှ စစ်ဆေးရေးအဖွဲ့ဝင် အဖြစ်ပါဝင်ဆောင်ရွက်ခဲ့ပါသည်။
၂။ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကျိုက်သီမွန်ပါဋိတက္ကသိုလ်ကျောင်းတိုက်နှင့် ပညာဒိပ္ပ ဝိဟာရမွန်ကျောင်းနေ မောင်သက်ထွေး (၁၀/မဒန(နိုင်)၂၃၁၆၅၁) (၀၉-၇၃၃၇၇၇၇၄)ပါ (၂)ဦးတို့သည် ဩစတြေးလျနိုင်ငံသို့ တရားဝင်အလည်အပတ်ဗီဇာဖြင့်သွားရောက်ရန် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဉက္ကလာပမြို့နယ်၊ ၁၃ ရပ်ကွက်၊ မင်္ဂလာလမ်း၊ တိုက်အမှတ် ၈၄၇၊ ၄ လွှာတွင် ရုံးဖွင့်လှစ်ထားရှိ သော Myat Linn Thit Co., Ltd. ၏ ဒါရိုက်တာ ဒေါ်မီမီလွင် (၈/တကက(နိုင်) ၀၀၁၁၈၆) (၀၉-၄၀၆၇၇၈၆၁၈) အား အကျိုးဆောင်ခအဖြစ် တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၅၀၀၀ တိတိကို ၂၁-၉-၂၀၂၂ ရက်နေ့တွင် ပေးအပ်ခဲ့ပါကြောင်း၊ ထို့အပြင် ဂျာမနီနိုင်ငံ အလည်အပတ်ဗီဇာလျှောက်ထားပါက ၂ ပတ် အတွင်းရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ဂျာမနီနိုင်ငံ အလည်အပတ်ဗီဇာလျှောက်ထားရန် ဝန်ဆောင်ခအဖြစ် အမေရိကန်ဒေါ်လာ ၆၀၀၀ နှင့် ညီမျှသော မြန်မာငွေကျပ် ၁၇၀၀၀၀၀၀ တိတိ ကို ၁၈-၁-၂၀၂၃ ရက်နေ့ တွင် ဒေါ်မီမီလွင်၏ ကမ္ဘောဇဘဏ်အကောင့်သို့ လွှဲပေးခဲ့ပါကြောင်း၊ ၎င်းမှ ၂၆-၁-၂၀၂၃ ရက်နေ့တွင် ကျန်ရှိသည့် အကျိုးဆောင်ခငွေ အမေရိကန်ဒေါ်လာ ၄၆၀၀ နှင့်ညီမျှသည့် မြန်မာငွေကျပ် ၁၃၁၀၀၀၀၀ တိတိကိုလည်းကောင်း၊ ၆-၂-၂၀၂၄ ရက်နေ့တွင် ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့သို့ သွားရောက်မည့် လေယာဉ် လက်မှတ်အတွက် အမေရိကန်ဒေါ်လာ ၇၇၀၀ ကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ပါကြောင်း၊ ၁၁-၂-၂၀၂၄ ရက်နေ့တွင် ဂျာမနီနိုင်ငံသို့ထွက်ခွာရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်သည့်အခါ ဂျော်ဂျီယာအလည်အပတ်ဗီဇာဖြင့် ဂျာမနီနိုင်ငံသို့ ပြည်ဝင်ခွင့်မရှိ၍ လေယာဉ်တက်ခွင့်မရခဲ့သဖြင့် အကျိုးဆောင်ခများလိမ်လည်ရယူပြီး ထွက်ပြေးတိမ်းရှောင်နေသော ဒါရိုက်တာ ဒေါ်မီမီလွင်အား အရေးယူဆောင်ရွက်ပေးပါရန် တိုင်ကြားလာခြင်းနှင့်စပ်လျဉ်း၍ ၂-၁၀-၂၀၂၄ ရက်နေ့တွင် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန(ရန်ကုန်တိုင်းဒေသကြီးရုံး)၌ စီစစ်ခဲ့ရာ ဦးအောင်နိုင် (တွဲဖက်အထွေထွေ အတွင်းရေးမှူး-၁ ဟောင်း) မှ စစ်ဆေးရေး အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။
၃။ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ လှည်းဆိပ်အုပ်စု၊ ပြွန်တန်စာ၊ ကတားရွာနေ မစိုးသီရိထွန်းပါ အလုပ်သမား (၃၃)ဦး နှင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် အုတ်ဖိုကျုံးဂိုးရွာနေ မောင်သက်မင်းခန့်ပါ အလုပ်သမား (၃၈) ဦးတို့၏ တိုင်ကြားမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဘိုတော်လမ်း၊ ကျွန်းကလေးရွာနေ ဦးမြင့်အေး၊ ဒေါ်လှလှမြင့်နှင့် 92 Global Co., Ltd. မှ ဦးသက်နိုင်စိုးတို့သည် အလုပ်သမားများနှင့် ငွေပေး/ငွေယူပြုလုပ်ခဲ့သည့်နေရာအား ပြန်လည်စီစစ် ဆောင်ရွက်ရန် ရည်ညွှန်းပါစာဖြင့် အကြောင်းကြားလာပါသဖြင့် လိုအပ်သည့် စီစစ်မူများပြုလုပ်နိုင်ရန် အတွက် တိုင်ကြားမှုအပေါ် ၁၆-၁-၂၀၂၅ ရက်နေ့ (ကြာသပတေးနေ့)တွင် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန (ပဲခူးတိုင်းဒေသကြီးရုံး) ပဲခူးမြို့၌ စစ်ဆေးခဲ့ရာ ဦးအောင်နိုင် (တွဲဖက်အထွေထွေ အတွင်းရေးမှူး-၁ ဟောင်း) မှ စစ်ဆေးရေး အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။
၄။ ဦးဇော်မင်းဝင်းမှ အလုပ်သမား (၂၂၈)ဦးအတွက် တိုင်ကြားမှုတွင် ဦးစီးဌာနမှ Future Heart Co., Ltd. အား ဒဏ်ကြေးပေးဆောင်စေခြင်းနှင့်ပတ်သတ်၍ Future Heart Co., Ltd. မှ ပဲခူးတိုင်းဒေသကြီး ကိုယ်စားလှယ်အဖြစ်မှ ၂၈-၁၂-၂၀၂၃ ရက်နေ့တွင် ဖျက်သိမ်းခဲ့ပြီးဖြစ်ပါကြောင်း၊ ၎င်းသည် တရားဝင် နယ်ကိုယ်စားလှယ်ဖြစ်ချိန်နှင့် ရုပ်သိမ်းပြီးချိန်ကာလအတွင်း အလုပ်သမား (၂၂၈)ဦးအတွက် ငွေကျပ် (၂၉၈၀)သိန်း ပေးသွင်းထားသည်ဟု တိုင်ကြားခဲ့ရာတွင် လူဦးရေ (၂၂၈)ဦး မရှိကြောင်းနှင့်ငွေကျပ် (၂၉၈၀)သိန်း ပေးသွင်းထားခြင်းမရှိကြောင်းကို ကုမ္ပဏီမှ ပြန်လည်စီစစ်ရာတွင် တွေ့ရှိခဲ့ရပါသဖြင့် လူဦးရေစာရင်းနှင့် ပေးသွင်းစာရင်း ကွာဟလွဲမှားမှုရှိနေပါသောကြောင့် ပြန်လည်စီစစ်ပေးနိုင်ပါရန် ဝန်ကြီးဌာနသို့ တင်ပြလာခြင်းအပေါ် ၂၂-၁၁-၂၀၂၄ (သောကြာနေ့) နှင့် ၂၆-၁၁-၂၀၂၄ (အင်္ဂါနေ့)တို့တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (ပဲခူးတိုင်းဒေသကြီးရုံး) ပဲခူးမြို့၌ စစ်ဆေးခဲ့ရာ ဦးအောင်နိုင် (တွဲဖက်အထွေထွေအတွင်းရေးမှူး-၁ ဟောင်း)မှ အဖွဲ့ဝင်အဖြစ်ပါဝင်ဆောင်ရွက်ခဲ့ပါသည်။
၅။ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ အင်းကန်အုပ်စုနေ ဦးကျော်ဆန်း၏ဇနီးဖြစ်သူ မယမင်းသူဇာသည် ဂျော်ဒန်နိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် မြန်မာနိုင်ငံဘက်မှ အေဂျင်စီဖြစ်သော Cygnus Marine Co., Ltd. ၏ ဝန်ဆောင်ခ ၁၅ သိန်းပေးဆောင်၍ စာချုပ် ချုပ်ဆိုခဲ့ပါကြောင်း၊ ထပ်မံ၍ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပေါက်ကံမြို့နယ်နေ ဦးကျော်စွာဟိန်း၏ ဇနီးဖြစ်သူ မသျှီလာဂျူးသည်လည်း ဂျော်ဒန်နိုင်ငံတွင်သွားရောက် အလုပ်လုပ်ကိုင်ရန်အတွက် Cygnus Marine Co., Ltd. ထံ ဝန်ဆောင်ခ ၁၉ သိန်းပေးဆောင်၍ စာချုပ်ချုပ်ဆိုခဲ့ပါကြောင်း၊ ၎င်းတို့ ၂ ဦးသည် ဂျော်ဒန်နိုင်ငံရှိ စက်ရုံသို့ရောက်ရှိမှသာ Zero Cost ဖြင့်ခေါ်ယူသည်ဟုသိရှိခဲ့ရပါကြောင်း၊ အဆိုပါနိုင်ငံ၏ CK Brand စက်ရုံတွင် စာချုပ်ပါအတိုင်း လုပ်ခလစာ၊ OT ကြေး၊ Day ကြေးမရရှိ၍ Cygnus Marine Co., Ltd. အား မြန်မာနိုင်ငံသို့ ပြန်လိုပါကြောင်းပြောကြားခဲ့ရာ ၎င်းကုမ္ပဏီမှပြန်လိုပါက ဒေါ်လာ ၂၀၀ လျော် ကြေးအဖြစ် ပေးဆောင်ရမည်ဖြစ်ကြောင်းနှင့် လျော်ကြေးမပေးဆောင်နိုင်လျင် ၃ နှစ်ပြည့်သည်အထိ ဆက်လက်လုပ်ကိုင်ရမည်ဟုပြောကြားခဲ့သဖြင့် ဦးကျော်ဆန်းနှင့် ဦးကျော်စွာဟိန်းတို့မှ Cygnus Marine Co., Ltd. အား ဥပဒေအရအရေးယူပေးပါရန် တိုင်ကြားလာခြင်းအပေါ် (၂၂-၈-၂၀၂၄)ရက်နေ့တွင် အလုပ် သမားညွှန်ကြားရေးဦးစီးဌာန(မကွေးတိုင်းဒေသကြီးရုံး)၊ မကွေးမြို့၌ စစ်ဆေးခဲ့ရာ ဦးအောင်နိုင် (တွဲဖက် အထွေထွေအတွင်းရေးမှူး-၁ ဟောင်း)မှ စစ်ဆေးရေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်စစ်ဆေးခဲ့ပါသည်။
၆။ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆယ်မြို့နယ်၊ ကြက်မင်းတွန်ရပ်ကွက်နေ မောင်အောင်ကိုလတ် သည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ “သုဓမ္မာ” ကွန်ဒို တိုက်ခန်းနေ အေးဂျင့် မန်နေဂျာ ဦးရဲထွန်းခိုင်မှ ဒူဘိုင်းနိုင်ငံရှိ ဟိုတယ်တွင် အလုပ်လုပ်ရမည်ဖြစ်ကြောင်း၊ ဝန်ဆောင်ခများအား ဒူဘိုင်းနိုင်ငံသို့ရောက်ရှိမှသာ ပေးရမည်ဖြစ်ကြောင်းပြောသော်လည်း ကြိုတင်တောင်းခံငွေ ကျပ်(၁၅) သိန်းပေးသွင်းခဲ့ရပြီး သတ်မှတ်ထားသည့်ရက်တွင် ရုံးခန်းလာရောက်ရန် ပြောကြားခဲ့သဖြင့် ရုံးခန်းသို့ သွားရောက်ခဲ့ရာ ကုမ္ပဏီတိုက်ခန်းပိတ်ထားသဖြင့် ကြိုတင်ပေးသွင်းထားသည့်ငွေများ ပြန်လည်ရရှိလို ကြောင်း တိုင်ကြားလာခြင်းအပေါ် ၅-၉-၂၀၂၄ ရက်နေ့တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (မန္တလေးတိုင်းဒေသကြီးရုံး) မန္တလေးမြို့၌ စစ်ဆေးခဲ့ရာ ဦးညီမင်းသန့်(တွဲဖက်အထွေထွေအတွင်းရေးမှူး-၂) မှ စစ်ဆေးရေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်စစ်ဆေးခဲ့ပါသည်။
၇။ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၄)ရပ်ကွက်၊ ပိတောက်မြိုင်(၃)လမ်း၊ အမှတ်(၁၂၅၇)နေ ဒေါ်သန္တာဦးသည် Seven Day Ayar Lwin Co., Ltd. မှ ဦးလှထွန်း၊ ဒေါ်တင်ဆွေဦးတို့ထံ ပြည်ပသို့အလုပ်လုပ်ကိုင်ရန်သွားရောက်မည့် အလုပ်သမားများ၏ ငွေကြေးများကိုပေးအပ်ခဲ့သော်လည်း ပြည်ပသို့အလုပ်သမားများအတွက် အလုပ်လုပ်ရန်ဆောင်ရွက်ပေးခြင်းမပြုကြောင်း၊ ပေးသွင်းငွေများ ပြန်လည်ပေးအပ်ခြင်းမရှိသဖြင့် ပေးသွင်းငွေများပြန်လည်ရရှိလိုကြောင်း တိုင်ကြားလာခြင်းအပေါ် ၁၃-၉-၂၀၂၄ ရက်နေ့တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန(ရန်ကုန်တိုင်းဒေသကြီးရုံး)၌ စစ်ဆေးခဲ့ရာ ဦးထွန်းသိန်းလင်း(အမှုဆောင်ကော်မတီဝင်)မှ စစ်ဆေးရေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ်ပါဝင်စစ်ဆေးခဲ့ပါ သည်။
၈။ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၄)ရပ်ကွက်၊ ပိတောက်မြိုင် (၃)လမ်း၊ အမှတ်(၁၂၅၇)နေ ဒေါ်သန္တာဦးသည် Seven Day Ayar Lwin Co., Ltd. မှ ဦးလှထွန်း၊ ဒေါ်တင်ဆွေဦးတို့ထံ ပြည်ပသို့အလုပ်လုပ်ကိုင်ရန် သွားရောက်မည့် အလုပ်သမားများ၏ငွေကြေးများကို ပေးအပ်ခဲ့သော်လည်း ပြည်ပသို့ အလုပ်သမားများအတွက် အလုပ်ရရန်ဆောင်ရွက်ပေးခြင်းမပြုကြောင်း၊ ပေးသွင်းငွေများ ပြန်လည်ပေးအပ်ခြင်းမရှိသဖြင့် ပေးသွင်းငွေများ ပြန်လည်ရရှိလိုကြောင်း တိုင်ကြားလာခြင်းအပေါ် ၂၄-၉-၂၀၂၄ ရက်နေ့တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန(ရန်ကုန်တိုင်းဒေသကြီးရုံး)၌ စစ်ဆေးခဲ့ရာ ဒေါ်ဝင်းသီတာ (အမှုဆောင်ကော်မတီဝင်ဟောင်း)မှ စစ်ဆေးရေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်စစ်ဆေး ခဲ့ပါသည်။
၉။ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်၊ ကန်တောလမ်း၊ အမှတ်(၂၃၀)နေ မောင်ထိန်ဝင်းသည် လာအိုနိုင်ငံသို့ သွားရောက်လုပ်ကိုင်ရန် People Diligence Services Co., Ltd. မန်နေဂျာ ဦးမျိုးဇော်သိန်းထံသို့ ငွေကျပ် (၃၂၅၀၀၀၀) ပေးအပ်ခဲ့သော်လည်း သွားရောက်ရမှုမရှိ၍ ဝန်ဆောင်ခများရယူထားသည့် ကုမ္ပဏီပိုင်ရှင်နှင့်မန်နေဂျာတို့အား ဥပဒေနှင့်အညီ ကူညီဖြေရှင်းပေးပါရန် ဝန်ကြီးဌာနသို့ တိုင်ကြားခဲ့မှုအပေါ် ၂၆-၆-၂၀၂၅ (ကြာသပတေးနေ့) အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (ရန်ကုန်တိုင်းဒေသကြီးရုံး)၌ စစ်ဆေးခဲ့ရာ ဦးထွန်းသိန်းလင်း (အမှုဆောင်ကော်မတီဝင်)မှ အဖွဲ့ဝင်အဖြစ်ပါဝင်ဆောင်ရွက်ခဲ့ပါသည်။
၁၀။ နေပြည်တော်၊ ဇမ္ဗူသီရီမြို့နယ်၊ သပြေကုန်းရပ်ကွက်နေ ၊ ဒေါ်မိုင်ဇာဇာကြည်သည် အိုမန်နိုင်ငံ တွင် အိမ်အကူအဖြစ်သွားရောက်လုပ်ကိုင်နေစဉ် အူအတက်ပေါက်ရောဂါဖြင့် အရေးပေါ်ခွဲစိတ်ခဲ့ရသော် လည်း အလုပ်မှအနားမပေး၍ ဆက်လက်ခိုင်းစေခဲ့ခြင်းကြောင့် ခွဲစိတ်ထားသောဒဏ်ရာမှ သွေးများထွက် နေသဖြင့် မြန်မာနိုင်ငံသို့ ပြန်လာရန်အေဂျင်စီနှင့်ချိတ်ဆက်၍ အကူအညီတောင်းခံရာ ငွေကျပ် (၅၀)သိန်း ပေးလျော်မှသာ ပြန်လာ၍မည်ဖြစ်ကြောင်းပြောဆိုခဲ့သဖြင့် နေပြည်တော်၊ သပြေကုန်းရပ်ကွက်နေ ဦးကျော်သန်းထက်မှ တာဝန်ယူပို့ဆောင်ပေးခဲ့သော အေဂျင်စီအား အရေးယူဆောင်ရွက်ပေးပါရန် တိုင်ကြားလာခြင်းအပေါ် ၁၃-၅-၂၀၂၅ (အင်္ဂါနေ့) နေပြည်တော်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၌ စစ်ဆေးခဲ့ရာ ဦးညီမင်းသန့် ( တွဲဖက်အထွေထွေအတွင်းရေးမှူး-၂) မှ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။
