(က)
စွမ်းရည်ပြည့်ဝထက်မြက်ပြီး (Efficient and Effective) ဂုဏ်သိက္ခာမြင့်မားသော အသင်း အဖြစ်ရပ်တည်ဆောင်ရွက်ရန်၊
(ခ)
အသင်းနှင့်အသင်းသားများ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းများ အောင်မြင်စေရန်နှင့် အသင်းသားများအား ကျင့်ဝတ်နှင့်အညီ အကျိုးစီးပွားကိုကာကွယ်စောင့်ရှောက်ရန်၊
(ဂ)
ပြည်ပလုပ်သားများ ဈေးကွက်ပြိုင်ဆိုင်မှုနှင့် ဈေးကွက်ပြန့်လာစေရေးအတွက် မြန်မာနိုင်ငံမှ စွမ်းရည်ပြည့်ဝသော လုပ်သားများကို စနစ်တကျလေ့ကျင့်၍ ယှဉ်ပြိုင် နိုင်စွမ်း (Competitive Edge) ရှိသောလုပ်သားများအား စေလွှတ်နိုင်ရန်၊
အသင်းအကြောင်း
မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းဖြစ်သည့် MOEAA သည် ၂၀၁၂ ခုနှစ်တွင် မြန်မာပြည်ပအကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (Myanmar Overseas Employment Assoication) အသင်းအဖြစ် အသင်းဝင်အသင်းသားဦးရေ (၃၂) ဦးဖြင့် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။
၂၀၂၀ ခုနှစ်အထိ မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်အဖြစ်သို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့၏ ခွင့်ပြုချက်အရ ပြည်တွင်းအသင်းအဖွဲ့မှတ်ပုံတင်အမှတ် “၁/ပြည်တွင်း/ဝဝဝ၁* တရားဝင်ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။


နိုင်ငံအလိုက်လုပ်ငန်းကော်မတီဝင်များ ပြင်ဆင်ဖွဲ့စည်းခြင်း

အသင်းမှဦးဆောင်ခဲ့သောလူမှုရေးဆောင်ရွက်ချက်များ
အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်ခဲ့သည့် အလုပ်သမားရေးရာကိစ္စရပ်များ
မြန်မာနိုင်ငံပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းမှလည်း အလုပ်သမားရေးရာကိစ္စရပ်များကို ကူညီဖြေရှင်းပေးနေပါသည်။
ရှေ့လုပ်ငန်းစဉ်များ
မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း၏ ရှေ့လုပ်ငန်းစဉ်များ အားအောက်ပါအတိုင်း ရည်မှန်းချက်ထား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
(က) စည်းကမ်းပြည့်ဝပြီး ကျင့်ဝတ်လိုက်နာသည့် ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်ရပ်ဝန်းဖြစ်လာစေရန်၊

အမှုဆောင်ကော်မတီအထူးအစည်းအဝေး (၂/၂၀၂၆) အား ကျင်းပခြင်း ပုံရိပ်များ
၂၀၂၆ ခုနှစ် ၊ဖေဖော်ဝါရီလ (၂၄)ရက် ၊ နေ့လည်(၁နာရီ ) ၊ နေရာ ။ MOEAA အသင်းရုံး တွင် (၂၀၂၄-၂၀၂၅) အမှုဆောင်ကော်မတီအထူးအစည်းအဝေး[…]

ထိုင်းနိုင်ငံလုပ်ငန်းကော်မတီ၏ဆောင်ရွက်ချက်များ
ထိုင်းနိုင်ငံလုပ်ငန်းကော်မတီအနေဖြင့် အစီရင်ခံကာလအတွင်း ထိုင်းနိုင်ငံသို့ လုပ်သား စေလွှတ်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ အစည်းအဝေးများကို အောက်ပါအတိုင်းကျင်းပပြုလုပ်ခဲ့ပြီး ဌာနသို့ဆက်လက်တင်ပြခြင်းနှင့် အေဂျင်စီများသို့ ညှိနှိုင်းအစည်းအဝေးခေါ်ယူ၍ ဆွေးနွေးခြင်း စသည့် လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ခဲ့ပါသည် –[…]

၂၀၂၄ – ၂၀၂၅ အမှုဆောင်ကော်မတီ၏ဆောင်ရွက်ချက်များ
မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း ၂၀၂၄-၂၀၂၅ ခုနှစ်၊ ၂ နှစ် သက်တမ်း အမှုဆောင်ကော်မတီသည် အစီရင်ခံကာလအတွင်း အောက်ပါလုပ်ငန်းစဉ်များကို ဆောင်ရွက် ခဲ့ပါသည်။ ၁။ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်[…]

ငလျင်ဘေးဒဏ် နေရာများ၊ ရေဘေး နေရာများသို့ သွားရောက်လှူဒါန်း
၂၈-၃-၂၀၂၅ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ဒဏ်ကြောင့် ဘေးဒုက္ခကြုံ တွေ့ခဲ့ရသော ပြည်သူများအတွက် အသင်း၏ မတည်ငွေ အသင်းဝင်အေဂျင်စီများ၏ ပါဝင် လှူဒါန်းငွေတို့ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့ရှိ ငလျင်ဘေးဒဏ်ကျရောက်ခဲ့[…]

အန္တရာယ်ကင်း ပရိတ်တရားနာ အခမ်းအနား
မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းသည် အသင်းရုံး အစည်း အဝေးခန်းမ၌ အန္တရာယ်ကင်း ပရိတ်တရားနာ အခမ်းအနားကို ပင့်သံဃာ (၅) ပါးအားပင့်ဖိတ်၍ ၁၃-၇-၂၀၂၅ ရက်နေ့တွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။
အကြံပြုတိုက်တွန်းချက်
ရွေးချယ်တင်မြှောက်ခံရသည့် အမှုဆောင်ကော်မတီအနေဖြင့် ရှေ့လုပ်ငန်းစဉ်များပါ အချို့သော လုပ်ငန်းများအပြင် လက်တလောဆောင်ရွက်သင့်သည့် အောက်ဖော်ပြပါလုပ်ငန်းစဉ်များအား လက်ဆင့် ကမ်းဆောင်ရွက်သင့်ကြောင်း အကြံပြုတိုက်တွန်းအပ်ပါသည်။
(က) ဂုဏ်သိက္ခာရှိသော အေဂျင်စီများဖြစ်စေရန် စေလွှတ်ထားသောအလုပ်သမားများအပေါ် တာဝန် ယူ/တာဝန်ခံမှုအပြည့်ဖြင့် . . . . .
Our work in numbers
Lorem ipsum dolor sit amet, at mei dolore tritani repudiandae. In his nemore temporibus consequuntur, vim ad prima vivendum consetetur.
employees
230
happy clients
+3M
years of experience
+25
offices worldwide
179
ဆက်သွယ်ရန်
မြန်မာနိုင်ငံပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းအနေဖြင့် ပြည်ထောင်စုအဆင့် အသင်းကြီးအဖြစ် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့်ပိုမိုကြီးပွားတိုး တက်အောင်မြင်ရေးအတွက် အသင်းဝင်တစ်ဦးချင်းစီ၏ ပူးပေါင်းပါဝင်မှု သည် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်ပြီး သင်းဖွဲ့ စည်း မျဉ်း၏လုပ်ထုံးလုပ်နည်းနှင့် အညီ လက်ရှိအမှုဆောင်အဖွဲ့မှလည်း ပူးပေါင်းဆောင်ရွက်ရန် အစဉ်အမြဲအသင့်ရှိပါကြောင်းနှင့် အသင်း၏ လှုပ်ရှားမှုများတွင် အသင်းဝင်များမှ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း တိုက်တွန်းအပ်ပါသည်။


