
မြန်မာနိုင်ငံပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း
MOEAA
မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းဖြစ်သည့် MOEAA သည် ၂၀၁၂ ခုနှစ်တွင် မြန်မာပြည်ပအကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (Myanmar Overseas Employment Assoication) အသင်းအဖြစ် အသင်းဝင်အသင်းသားဦးရေ (၃၂) ဦးဖြင့် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။
၂၀၂၀ ခုနှစ်အထိ မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်အဖြစ်သို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့၏ ခွင့်ပြုချက်အရ ပြည်တွင်းအသင်းအဖွဲ့မှတ်ပုံတင်အမှတ် “၁/ပြည်တွင်း/ဝဝဝ၁* တရားဝင်ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။
MOEAA အဖြစ်အမည်ပြောင်းလဲ
အသက်ရှူလမ်းကြောင်းဆိုင်ရာ Coronavirus Disease (COVID-19) ကပ်ရောဂါ ရောဂါဖြစ်ပွားပြီးနောက် ၂၈-၁၀-၂၀၂၂ ရက်နေ့တွင် ပြောင်းလဲလာသော အသင်းအဖွဲ့မှတ်ပုံတင်ခြင်း ဆိုင်ရာဥပဒေအရ ၂၄-၈-၂၀၂၃ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင်မှတ်ပုံတင်ခဲ့ပြီး ရက်နေ့တွင် သင်းလုံးကျွတ်အထူး အစည်းအဝေးအရ မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်း (MOEAA) အဖြစ်အမည်ပြောင်းလဲသတ်မှတ်ရန် သင်းဖွဲ့စည်းမျဉ်းများ(၂၀၁၇)ကို ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်း (၂ဝ၂၄) ဖြင့် ပြင်ဆင်အတည်ပြုခဲ့ပြီးဖွဲ့စည်းခဲ့ပါသည်။
၁-၇-၂၀၂၅ ခုနှစ် ယခုအလုပ်အမှုဆောင်သက်တန်းကာလတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA)မှ ကုမ္ပဏီမှတ်ပုံတင်အမှတ် ၁၄၂၄၃၇၀၀၇ဖြင့် ဖွဲ့စည်းမှတ်ပုံတင်ခွင့်ပြုခဲ့ ပါသည်။
“ယခုအခါ အသင်း၏သက်တန်းမှာ (၁၂) နှစ် ပြည့်မြောက်ခဲ့ပြီးဖြစ်ပါသည်။”
မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းသည် ပြည်ပမှအကူညီ အထောက်အပံ့ဖြင့်ဖွဲ့စည်းထားသည့် NGO အသင်းမဟုတ်သော်လည်း အလုပ်မားဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် တရားဝင်ပြည်ပပို့ ဆောင်ခွင့်လိုင်စင်ရရှိထားသည့်အေဂျင်စီများဖြင့် ဖွဲ့စည်းထားသည့် (NGO) အသင်း ဖြစ်ပါသည်။ အသင်းသားများ၏နှစ်စဉ်ကြေးထောက်ပံ့ငွေဖြင့် ငွေကြေးသုံးစွဲမှုရှိသော ကြောင့် ပြောင်းလဲလာ သောအသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအရ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) မှ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်း (MOEAA) အဖြစ်သို့ ပြောင်းလဲခဲ့ပါသည်။
မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းသည် အလုပ်သမား ဝန်ကြီး ဌာန၏ကြီးကြပ်စီစဉ်ဆောင်ရွက်မှုဖြင့် တရားဝင်ပြည်ပပို့ဆောင်ခွင့်လိုင်စင်ရရှိ ထားသည့် အေဂျင်စီများမှ အလုပ်သမားများအား စေလွှတ်ခွင့်ရနိုင်ငံများသို့ နိုင်ငံတကာအလုပ်ရှင် အဖွဲ့အစည်းများ၊ နိုင်ငံတကာအေဂျင်စီအဖွဲ့ချုပ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူထုအခြေပြု အဖွဲ့အစည်းများ နှင့်ပူးပေါင်း၍ရွှေ့ပြောင်းအလုပ်သမားများ နိုင်ငံအလိုက် ဥပဒေနှင့်အညီ သတ်မှတ်ထားသော အလုပ်သမားအခွင့်အရေးများရရှိစေရန်အတွက် ပူးပေါင်းဆောင်ရွက် လျက်ရှိပါသည်။
အသင်းမှတ်ပုံတင်ခြင်း
ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ ၇-၁-၂၀၂၅ ရက်စွဲပါကုမ္ပဏီမှတ်ပုံတင် အမှတ် (၁၄၂၄၃၇၀၀၇) ဖြင့်ဖွဲ့စည်းမှတ်ပုံတင်ခွင့်ပြုရရှိထားပြီးဖြစ်ပါသည်။
အသင်းဝင်အသင်းသားဦးရေ
ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရရှိသူများအားလုံးသည် အလုပ်သမားဝန်ကြီးဌာန၏ အမိန့်ကြေငြာစာအမှတ် (၁၀၁/၂၀၂၄) အရ မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်း၏ အဖွဲ့ဝင်ဖြစ်ရမည်ဟုပြဌာန်းထားပါသည်။ အသင်းမဝင်ရသေးသော ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီများအားလုံး MOEAA အသင်းသို့ အသင်းသားအဖြစ်ဝင်ရောက်ရမည်ဖြစ် ပါသည်။ ယခုလက်ရှိ မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းတွင် (၁၂-၁၁-၂၀၂၅) ရက်နေ့အထိ အသင်းမှတ်ပုံတင်စာရင်းအရ အသင်းဝင် အသင်းသား အေဂျင်စီ (၆၁၇)ခုရှိပါသည်။
UMFCCI ရာသက်ပန်အသင်းဝင်ခြင်း
မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းသည် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တွင် ၃၁-၇-၂၀၁၈ ရက်မှစ၍ အသင်းဝင်အမှတ် (၄၀၄၃၈) ဖြင့် ရာသက်ပန်အသင်းဝင် အသင်းတစ်သင်းဖြစ်ခဲ့ပါသည်။ ၂၀၁၉ နှစ်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ Coronavirus Disease (COVID-19) ကပ်ရောဂါ ကျရောက်လာ သည့်အချိန်မှစ၍ (UMFCCI) အသင်းချုပ်သို့ အသင်းဝင်အဖြစ် သက်တမ်းထပ်မံမတိုးခဲ့သည်ကို ၂၀၂၄-၂၀၂၅ လက်ရှိအမှုဆောင်များမှ ဆက်လက်၍ (UMFCCI)အသင်းချုပ်သို့ ရာသက်ပန်အသင်းဝင်အသင်း တစ်သင်းအဖြစ် ပြန်လည်၍ ဝင်ရောက်ခဲ့ပါသည်။