၂၀၂၄-၂၀၂၅ ခုနှစ်သက်တမ်းအတွက် အမှုဆောင်ကော်မတီများ ရွေးချယ်တင်မြှောက်ပွဲကို ၁၇-၈-၂၀၂၅ ရက်နေ့တွင် ကျင်းပရန်အတွက် ရွေးချယ်ခံမည့် အမှုဆောင်ကော်မတီလောင်းများကို ဖိတ်ခေါ်ခဲ့ရာ ရွေးချယ်ခံရန်အတွက် အသင်းသို့ ကိုယ်တိုင်ရေးဝန်ခံကတိလျှောက်လွှာပုံစံ “အထောက်အထားများနှင့် အတူ” (၂၉) ဦး တင်ပြလျှောက်ထားခဲ့ပါသည်။
ရန်ကုန်မြို့ Wyndham Grand Yangon Hotel ၌ MOEAA ရွေးကောက်ပွဲကြီးကြပ်မှုအဖွဲ့က ကြီးမှူးကျင်းပဆောင်ရွက်ခဲ့သည့်နေ့တွင် (၁၉) ဦးသာရွေးချယ်ခံရန် တက်ရောက်လာကြပြီး ကျန်(၁၀)ဦး မှာ မတက်ရောက်ခဲ့ပါ။
၂၀၂၄-၂၀၂၅ ခုနှစ် (၂)နှစ် သက်တမ်းအတွက် အမှုဆောင်ကော်မတီများ ရွေးချယ်တင်မြှောက်ပွဲကို တက်ရောက်လာသော ရန်ကုန်တိုင်းဒေသကြီး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးနိုင် ၊ ရွေးကောက်ပွဲကြီးကြပ်မှုအဖွဲ့ ဥက္ကဌ ဦးသိန်းဇော် ဦးဆောင်သော အဖွဲ့ဝင်တို့မှ တက်ရောက်လာ သော (၁၉)ဦးဖြင့်သာ ရွေးကောက်ပွဲကျင်းပရန် အတည်ပြုဆုံးဖြတ်ခဲ့ပြီးနောက် အရွေးချယ်ခံမည့်သူ (၁၉)ဦးအား အသင်း၏ ဥက္ကဌ ၊ အထွေထွေအတွင်းရေးမှူးနေရာအား ရွေးချယ်ခဲ့ရာ ဥက္ကဌ နေရာအတွက် ဦးမျိုးသန့်နှင့် ဦးစိုင်းစည်သူတို့မှ ဝင်ရောက်ရွေးချယ်ခဲ့ပြီး တက်ရောက်လာသော အသင်းဝင်အေဂျင်စီ များမှ ဥက္ကဌ အဖြစ် ဦးမျိုးသန့် (MD, Mono Horizon Services Co.,Ltd)အား မဲပေးရွေးချယ်တင်မြှောက် ခဲ့ပါသည်။ လစ်လပ်နေသည့် ဒုတိယ ဥက္ကဌအဖွဲ့ ၊ အထွေထွေအတွင်းရေးမှူးအဖွဲ့နေရာအား ကျန်ရှိနေ သော အမှုဆောင်ကော်မတီလောင်းများမှ ညှိနှိုင်းပြီး တာဝန်ခွဲဝေယူခဲ့ကြသည်ကို ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပြီးနောက် ရန်ကုန်တိုင်းဒေသကြီး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် အမှုဆောင်ကော်မတီ ရွေးချယ်တင်မြှောက်ပွဲသို့ ဆန္ဒမဲပေးရန် တက်ရောက်လာသည့် အသင်းသားများအားလုံးရှေ့တွင် ရွေးကောက်ပွဲကြီးကြပ်မှုအဖွဲ့ ဥက္ကဌမှ ၂၀၂၄-၂၀၂၅ (၂)နှစ် သက်တမ်း အတွက် မြန်မာနိုင်ငံပြည်ပအလုပ် အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း၏ အမှုဆောင်ကော်မတီ ဝင်များအဖြစ် ဝင်ရောက်ရွေးချယ်ခံသည့် (၁၉)ဦးအား အသင်း၏တာဝန်များကို ဆက်လက်တာဝန်ယူမည့် ဥက္ကဌအဖွဲ့ ၊ အထွေထွေအတွင်းရေးမှူးအဖွဲ့ ၊ အမှုဆောင်ကော်မတီများ၏ အမည်စာရင်းကို တရားဝင် အတည်ပြုကြေငြာခဲ့ပါသည်။
ဥက္ကဌ ဦးမျိုးသန့် ဦးဆောင်သော အမှုဆောင်ကော်မတီဝင်များသည် (၂၀၂၄-၂၀၂၅) (၂)နှစ် သက်တမ်းအတွက် ၁၉-၈-၂၀၂၄ ရက်နေ့မှစ၍ အမှုဆောင်ကော်မတီ တာဝန်ဝတ္တရားများကို စတင် တာဝန်ယူဆောင်ရွက်ခဲ့ပြီး (၂၃-၈-၂၀၂၄) ရက်နေ့တွင် ၂၀၂၃-၂၀၂၄ အမှုဆောင်ကော်မတီ၏ တာဝန်ရှိသူ ဥက္ကဌနှင့်ဘဏ္ဍာရေးမှူးမှ လွှဲပြောင်းပေးသော အသင်းနှင့်သက်ဆိုင်သည့် ရုံးတွင်းအသုံးအဆောင် ပစ္စည်းများ ၊ ဘဏ္ဍာရေးနှင့် သက်ဆိုင်သော စာရွက်စာတမ်းများအား လက်ခံရယူခဲ့ပါသည်။